Showing posts with label News. Show all posts
Showing posts with label News. Show all posts

Thursday, March 16, 2017

ခရီးသွားပြည်သူများ၏အသက်ကို အချိန်မီကယ်တင်လိုက်သော တောသူမလေး မအေးစန္ဒာ ဂုဏ်ပြုချီးမြှင့်ခြင်းခံရ

ခရီးသွားပြည်သူများ၏အသက်ကို အချိန်မီကယ်တင်လိုက်သော တောသူမလေး မအေးစန္ဒာ ဂုဏ်ပြုချီးမြှင့်ခြင်းခံရ
မတ်-၁၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ထန်းတပင် - ဇီးကုန်းမြို့
ထန်းတပင်(ဇီးကုန်း)ဘူတာတွင် ခရီးသွားပြည်များ၏အသက်ကို ကယ်တင်လိုက်သော
တောသူမလေး မအေးစန္ဒာအား ဂုဏ်ပြုလွှာနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ပွဲ
အခမ်းအနားကို မတ်(၁၄)ရက်နေ့ နေ့ ၂ နာရီကကျင်းပသည်။
အခမ်းအနားတွင် အထွေထွေမန်နေဂျာ (အထက်မြန်မာပြည်)
ဦးမျိုးဝင်းနှင့် အမှတ်(၂)တိုင်းမန်နေဂျာ
ဦးမင်းမင်းထွေးတို့က အမှာစကားပြောကြားရာတွင် (၆.၂.၂၀၁၇)ရက်နေ့ နံနက်
၈နာရီခန့်က ခရီးသွားပြည်သူများ၏အသက်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ပေးရန်
သရက်ခေါင်းဘူတာနှင့် ထန်းတပင်(ဇီးကုန်း)ဘူတာကြားတွင် မိုင်တိုင်အမှတ်
၄၇၁/၁၉-၂၀အကြားရှိ သံလမ်းအဆက်တစ်ပေကျော် ပြတ်နေကြောင်းကို
သပြေသာကျေးရွာအုပ်စု လက်ထုပ်ကုန်းကျေးရွာနေ တောသူမလေး မအေးစန္ဒာမှ
တွေ့ရှိသဖြင့် အမှတ်(၅၈)အမြန်ရထားလာနေစဉ် အချိန်မီ
အမြန်ကြိုတင်အကြောင်းကြားပေးနိုင်ခဲ့သဖြင့် ၎င်းရထားပေါ်ပါ
ခရီးသွားပြည်သူများ၏ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။
ထိုကဲ့သို့ မအေးစန္ဒာ၏ ကြိုတင်သတင်းပေးချက်အရ ဘူတာရုံပိုင်ကြီး
ဦးကိုကိုလွင်သည် ၎င်း၏တပည့် လမ်းခွဲကိုင်(ဂျမဒါ) ကျော်မျိုးအောင်နှင့်အတူ
အခင်းဖြစ်နေရာသို့ ဆိုင်ကယ်ဖြင့် အမြန်သွားရောက်ခဲ့ကြပြီး
သရက်ခေါင်းဘူတာမှ ထွက်လာသော အမှတ်(၅၈)အမြန်ရထားကို
အချိန်မီရပ်တန့်တားမြစ်နိုင်ခဲ့ကြောင်း ကြိုတင်၍ တာဝန်သိရှိစွာဖြင့်
သက်ဆိုင်ရာသို့ သတင်းပေးပို့ခဲ့မှုကြောင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး
ဝန်ကြီးဌာန မြန်မာ့မီးရထားမှ မအေးစန္ဒာအား
ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့်
မအေးစန္ဒာကဲ့သို့ တာဝန်သိရှိစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
မြန်မာ့မီးရထားဝန်ကြီး၏ကိုယ်စား အထွေထွေမန်နေဂျာ (အထက်မြန်မာပြည်)
ဦးမျိုးဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ
ပေးအပ်ချီးမြှင့်ပြီး၊ မအေးစန္ဒာမှ လူ့အသက်ပေါင်းများစွာကို
ကယ်တင်လိုက်ရသဖြင့် ပြောမပြလောက်အောင်ပင်ဝမ်းသာမိကြောင်းနှင့်ကျေးဇူးတင်စကားများပြောကြားခဲ့သည်။
Credit - ချစ်စံ(ခင်ဦး)
စစ်သွေးမာန်